စစ်ကိုင်းဖယ်ဒရယ်ယူနစ် ကြားကာလအစိုးရ (SFUIG) နှင့် Burma Rights အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန် အွန်းလိုင်း တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်
စစ်ကိုင်းဖယ်ဒရယ်ယူနစ်ကြားကာလအစိုး (SFUIG) နှင့် Burma Rights (BR) အဖွဲ့တို့အကြား တွေ့ဆုံဆွေး နွေးခြင်း အစီအစဥ်အား ၇ ရက်နေ့ ဇူလိုင်လ ၂၀၂၆ တွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
တွေ့ဆုံ ဆွေးနွေးပွဲတွင် စစ်ကိုင်းဖယ်ဒရယ်ယူနစ်ကြား ကာလ အစိုးရ (SFUIG)မှ ဒုတိယ ဝန်ကြီးချုပ် ဒေါက်တာ အောင်နေဝင်း ဦးဆောင်ပြီး အခြားသက်ဆိုင်ရာ ဝန်ကြီး ဌာနမှ ဝန်ကြီးများ၊ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြပါသည်။
စစ်ကိုင်းဖယ်ဒရယ်ယူနစ်ကြားကာလအစိုးရ (SFUIG) အား Burma Rights (BR) အဖွဲ့အနေဖြင့် အွန်းလိုင်းမှ တဆင့် တွေ့ဆုံဆွေးနွေးရာတွင် Burma Rights (BR) အဖွဲ့၏ သမိုင်းကြောင်းနှင့် လုပ်ဆောင်ခဲ့သည့် လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခွင့် ရရှိခဲ့ပါသည်။
ထိုနောက်တွင် စစ်ကိုင်းဖယ်ဒရယ်ယူနစ် ကြားကာလအစိုးရ အဖွဲ့ (SFUIG) မှ ဒုတိယ ဝန်ကြီးချုပ်နှင့် အခြား ဝန်ကြီးများမှ စစ်ကိုင်းဖယ်ဒရယ်ယူနစ်အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်း ဆောင်ရွက်ချက်များအား ဝေမျှ ပြီးနောက် ရှေ့ဆက် ပူးပေါင်းလုပ်ဆောင်နိုင်မည့် အစီအစဥ်များ၊ နည်းလမ်းများကို အစုအဖွဲ့နှစ်ဖွဲ့အကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ယခု ကဏဦးတွေ့ဆုံခြင်းသည် အပြုသဘောဆောင်ပြီး တွေ့ဆုံဆွေးနွေးခွင့်ပြုသည့် ဖယ်ဒရယ်ရေးရာနှင့် ဒီမိုကရေစီအရေးအတွက် အားသွန် ခွန်စိုက် လုပ်ဆောင်နေကြသည့် စစ်ကိုင်းဖယ်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ (SFUIG) မှ ဒုတိယ ဝန်ကြီးချုပ်နှင့် အခြားဝန်ကြီးများ၊ တာဝန်ရှိသူများအားလုံးကို Burma Rights (BR) ဖက်မှ ကျေးဇူး အထူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။
An online meeting was held between the Sagaing Federal Unit Interim Government (SFUIG) and the Burma Rights (BR) organization to strengthen cooperation
A meeting between the Sagaing Federal Unit Interim Government (SFUIG) and the Burma Rights (BR) organization was conducted on July 7, 2026.
At the meeting, Deputy Chief Minister Dr. Aung Nay Win led the SFUIG delegation, accompanied by ministers and officials from relevant departments.
During the online discussion, the Burma Rights (BR) organization had the opportunity to present its history and the activities it has carried out to the SFUIG.
Following this, the deputy Chief minister and other ministers from SFUIG shared updates on the ongoing work within the Sagaing Federal Unit. Both sides then engaged in an open and constructive dialogue on possible future collaboration plans and approaches.
This initial meeting was conducted in a positive spirit. Burma Rights (BR) expressed its deep gratitude to the Deputy Chief Minister, ministers, and officials of the Sagaing Federal Unit Interim Government (SFUIG) for their dedication and commitment to federalism and democracy.

