Organizational Values
The following identified values serve as the foundation for the organization’s actions and interactions with communities, partners, and stakeholders.
Justice: We are committed to promoting fairness and ensuring that all individuals have equal access to rights and opportunities.
Freedom: We uphold the freedom of expression, association, and participation, enabling individuals and communities to thrive without oppression.
Human Rights and Dignity: We champion the inherent dignity of every individual, ensuring that their human rights are respected, protected, and fulfilled.
Equity: We strive to create an inclusive environment where everyone has equitable access to resources and opportunities, regardless of their background.
Mutual Trust and Respect: We foster an organizational culture built on mutual trust and respect, valuing diverse perspectives and collaboration.
Peace: We work towards creating peaceful communities by promoting conflict resolution, understanding, and reconciliation.
Transparency: We are dedicated to operating with openness and honesty, ensuring that our actions and decisions are visible and accountable.
Accountability: We hold ourselves responsible for our actions and their impacts, ensuring that we meet the highest standards of integrity and responsibility.
Professionalism: We maintain a high level of competence and ethics in all our work, ensuring that we serve our mission with dedication and excellence.
အဖွဲ့အစည်းဆိုင်ရာ တန်ဖိုးထားမှုများ
အောက်ဖော်ပြပါ သတ်မှတ်ထားသော တန်ဖိုးထားမှုများသည် အဖွဲ့အစည်း၏ လုပ်ဆောင်ချက်များအပြင် လူထု၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအကြား အပြန်အလှန် ဆက်ဆံရေးအတွက် အခြေခံအုတ် မြစ်အဖြစ် သတ်မှတ် ဆောင်ရွက်ပါသည်။
တရားမျှတမှု (Justice): ကျွန်ုပ်တို့သည် မျှတမှုကို မြှင့်တင်ရန်နှင့် လူပုဂ္ဂိုလ်အားလုံး ရပိုင်ခွင့်များနှင့် အခွင့်အရေးများကို တန်းတူညီမျှ ရရှိခံစားနိုင်စေရန် သန္နိဋ္ဌာန်ချမှတ်ထားပါသည်။
လွတ်လပ်မှု (Freedom): လူပုဂ္ဂိုလ်များနှင့် လူထုလူတန်းစားများအနေဖြင့် ဖိနှိပ်မှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာ ပါဝင်ဆောင်ရွက်ခွင့်တို့ကို ကျွန်ုပ်တို့ ကာကွယ်မြှင့်တင်ပေးပါသည်။
လူ့အခွင့်အရေးနှင့်လူ့ဂုဏ်သိက္ခာ (Human Rights and Dignity): လူသားတိုင်း၏ မွေးရာပါဂုဏ်သိက္ခာကို ကျွန်ုပ်တို့ အလေးအမြတ်ထားပြီး၊ ၎င်းတို့၏ လူ့အခွင့်အရေးများကို လေးစားရန်၊ ကာကွယ်ရန်နှင့် ဖြည့်ဆည်းပေးရန်အတွက် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ပါသည်။
မျှတမှုရှိခြင်း (Equity): နောက်ခံအကြောင်းအရာ မည်သို့ပင်ရှိစေကာမူ လူတိုင်းသည် အရင်းအမြစ်များနှင့် အခွင့်အရေးများကို မျှမျှတတ ရရှိနိုင်မည့် အားလုံးပါဝင်နိုင်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် ကျွန်ုပ်တို့ ကြိုးပမ်းဆောင်ရွက်ပါသည်။
အပြန်အလှန် ယုံကြည်မှုနှင့် လေးစားမှု (Mutual Trust and Respect): မတူကွဲပြားသော အမြင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တန်ဖိုးထားလျက်၊ အပြန်အလှန် ယုံကြည်မှုနှင့် လေးစားမှုအပေါ် အခြေခံသည့် အဖွဲ့အစည်းဆိုင်ရာ ယဉ်ကျေး မှုတစ်ရပ်ကို ကျွန်ုပ်တို့ ပျိုးထောင်ပေးပါသည်။
ငြိမ်းချမ်းရေး(Peace): ပဋိပက္ခဖြေရှင်းရေး၊ အပြန်အလှန် နားလည်မှုနှင့် ပြန်လည်သင့်မြတ်ရေးတို့ကို မြှင့်တင်ပေးခြင်းဖြင့် ငြိမ်းချမ်းသော လူ့အဖွဲ့ အစည်းများ ဖြစ်ထွန်း လာစေရန် ကျွန်ုပ်တို့လုပ် ဆောင်ပါသည်။
ပွင့်လင်းမြင်သာမှု(Transparency):ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များနှင့် ဆုံးဖြတ်ချက်များကို ထင်သာမြင်သာရှိစေရန်နှင့် တာဝန်ခံမှုရှိစေရန်အတွက် ပွင့်လင်းရိုးသားစွာ လုပ်ကိုင်ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်ထားပါသည်။
တာဝန်ယူမှု၊တာဝန်ခံမှုရှိခြင်း(Accountability): ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များနှင့် ၎င်းတို့၏ သက်ရောက်မှုများအတွက် ကိုယ်တိုင်တာဝန်ယူပြီး၊ အမြင့်ဆုံးသော ဖြောင့်မတ်တည်ကြည်မှုနှင့် တာဝန်ယူမှု စံနှုန်းများနှင့်အညီ ဆောင်ရွက်ရန် အာမခံပါသည်။
ကျွမ်းကျင်မှုစံနှုန်းနှင့် ကျင့်ဝတ်စောင့်ထိန်းမှု (Professionalism): ကျွန်ုပ်တို့၏ ရည်မှန်းချက်တာဝန်များကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်၍ ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်နိုင်စေရန်အတွက် လုပ်ငန်းခွင်အတွင်း မြင့်မား သော ကျွမ်းကျင်မှုစွမ်းရည်နှင့် ကျင့်ဝတ်စံနှုန်းများကို ထိန်းသိမ်းဆောင်ရွက်ပါသည်။

