ကြားကာလမကွေးဖယ်ဒရယ်ယူနစ်အစိုးရ (IMFUG) နှင့် Burma Rights အဖွဲ့တို့ အကြားပူးပေါင်း ဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန် အွန်းလိုင်း တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်။
ကြားကာလမကွေးဖယ်ဒရယ်ယူနစ်အစိုးရ (IMFUG) နှင့် Burma Rights (BR) အဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးခြင်း အစီအစဥ်အား ၁၄ ရက်နေ့ ဇူလိုင်လ ၂၀၂၆ တွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ကြားကာလမကွေးဖယ်ဒရယ်ယူနစ်အစိုးရ (IMFUG) မှ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော် ဦးဆောင်ပြီး ဒုဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်၊ ဝန်ကြီးဦးကျော်ကျော်ထွန်း (ပြည်ထဲရေး ဝန်ကြီး ဌာန)၊ ဝန်ကြီး ဦးအောင်ကိုလတ် (စီမံကိန်း၊ဘဏ္ဍာရေး၊ သံယံဇာတာနှင့် စွမ်းအင်ဝန်ကြီးဌာန)၊ ဝန်ကြီးဦးကျော်သူရ (ပညာရေးဝန်ကြီးဌာန)၊ ဝန်ကြီး ဆလိုင်းအောင်ဝင်း (တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန)၊ ဒေါ်မေရီ (ရှေ့နေချုပ်)၊ အစိုးရဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူများနှင့် Burma Rights အဖွဲ့မှ အဖွဲ့ဦးဆောင်၊ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြပါ သည်။
ကြားကာလ မကွေးဖယ်ဒရယ်ယူနစ်အစိုးရ (IMFUG) မှ ဝန်ကြီးချုပ်နှင့်တကွ တက်ရောက်လာကြသည့် တာဝန်ရှိသူများအား Burma Rights (BR) အဖွဲ့၏ သမိုင်းကြောင်းနှင့် လုပ်ဆောင်ခဲ့သည့် လုပ်ငန်း ဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခွင့် ရရှိခဲ့ပါသည်။
ထိုနောက်တွင် ကြားကာလ မကွေးဖယ်ဒရယ်ယူနစ် အစိုးရ (IMFUG) မှ ဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိ သူများမှ ဦးဆောင်ပြီး မကွေးဖယ်ဒရယ်ယူနစ်အတွင်း စီမံဆောင်ရွက်နေသည့် မကွေးဖယ်ဒရယ်ယူနစ် အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ဝေမျှပြီးနောက် Burma Rights ဖက်မှ သိရှိလိုသည်များကို ထပ်မံမေးမြန်း ဆွေးနွေးခဲ့ကြပါသည်။
ယခု ဆွေးနွေးတွေ့ဆုံပွဲတွင် ကြားကာလမကွေးဖယ်ဒရယ်ယူနစ်အစိုးရ(IMFUG)နှင့် Burma Rights အဖွဲ့တို့အကြား ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်နိုင်မည့် အစီအစဥ်များ၊ နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ယခုကဲ့သို့ ကနဦး တွေ့ဆုံခြင်းသည် အပြုသဘောဆောင်ပြီး တွေ့ဆုံဆွေးနွေးခွင့်ပြုသည့် ဖယ်ဒရယ်ရေးရာနှင့် ဒီမိုကရေစီအရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေကြသည့် ကြားကာလမကွေးဖယ်ဒရယ်ယူနစ်အစိုးရ (IMFUG) မှ ဝန်ကြီးချုပ်နှင့် အခြား ဝန်ကြီးများ၊ တာဝန်ရှိသူများ အားလုံးကို Burma Rights (BR) အဖွဲ့ဖက်မှ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Online Meeting Between the Interim Magway Federal Union Government (IMFUG) and Burma Rights (BR) to Strengthen Cooperation
An online meeting between the Interim Magway Federal Union Government (IMFUG) and Burma Rights (BR) was held on July 14, 2026.
The meeting was led by IMFUG Prime Minister Dr. Ye Htun Zaw, joined by Deputy Prime Minister U Chit Win Maung, Minister U Kyaw Kyaw Htun (Ministry of Home Affairs), Minister U Aung Ko Latt (Ministry of Planning, Finance, Natural Resources and Energy), Minister U Kyaw Thu Ya (Ministry of Education), Minister Salai Aung Win (Ministry of Ethnic Affairs), Attorney General Daw Mary, as well as officials from government ministries. Representatives and leaders from Burma Rights also attended.
During the meeting, Burma Rights presented its history, past activities, and future plans to the Prime Minister and officials of IMFUG. In turn, IMFUG leaders shared updates on the government’s ongoing work within the Magway Federal Union. Following this, Burma Rights raised further questions and engaged in discussions.
The dialogue focused on potential programs and approaches for continued collaboration between IMFUG and Burma Rights, conducted in an open and constructive manner.
This initial meeting was seen as a positive step. Burma Rights expressed deep gratitude to IMFUG’s Prime Minister, ministers, and officials for their commitment to federalism and democracy, and for granting the opportunity to hold this discussion.

