ချင်းပြည်အစိုးရ (Chinland Government) နှင့် Burma Rights (BR) အဖွဲ့အကြား ချိတ်ဆက် ဆောင်ရွက်မှုများ ၊ ပိုမိုအားကောင်း မြှင့်တင်နိုင်ရန်အတွက် အွန်းလိုင်း တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်။
၁၅ စက်တင်ဘာ၊ ၂၀၂၆
ချင်းပြည်အစိုးရ (Chinland Government) နှင့် Burma Rights (BR) အဖွဲ့တို့ အကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေရန်အတွက် အွန်းလိုင်း တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်အား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အထက်ပါတွေ့ဆုံဆွေးနွေးပွဲတွင် ချင်းပြည်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် Salai Myo Htaik ၊ ပြည်ထဲရေးဝန်ကြီး Pu Ram Chum Mang ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး Pu Maung Oo၊ ပညာရေးဝန်ကြီး Salai James Neih Thang၊ ကျန်းမာရေးဝန်ကြီး Dr. Sharon Par ၊ နိုင်ငံခြားရေးဝန်ကြီး Dr. Suikhar၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီး Pu Za Thawng၊ ရှေ့နေချုပ် Dr. Tial Hnin၊ လွှတ်တော် ဥက္ကဌ Pu Hung Naing ၊ လွှတ်တော် ဒုတိယဥက္ကဌ Pu Lal Min Thang ၊ တရားလွှတ်တော်ချုပ်မှ တရားသူကြီး Mai Mirriam Cuum Pai တို့ တက်ရောက်ခဲ့ကြပါသည်။ Burma Rights အဖွဲ့ဖက်မှ အဖွဲ့ဦးဆောင်နှင့် ဒေသဆိုင်ရာတာဝန်ရှိသူတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
အခမ်းအနား အစီအစဥ်အရ Burma Rights (BR) အဖွဲ့၏ သမိုင်းကြောင်းနှင့် လုပ်ငန်းဖော်ဆောင်ခဲ့ကြသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဥ်များအား အဖွဲ့ဦးဆောင်နှင့် တာဝန်ရှိသူများမှ မိတ်ဆက်ခြင်း၊ ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြပါသည်။
ထိုနောက်တွင် ချင်းပြည်အစိုးရ (Chinland Government) မှ ဝန်ကြီးချုပ် ဆလိုင်းမျိုးထိုက်မှ ဦးဆောင်ပြီး တက်ရောက် လာကြသည့် ဝန်ကြီးများ၊ တရားသူကြီးများ၊ လွှတ်တော် ဥက္ကဌ၊ဒုဥက္ကဌတို့မှ ချင်းပြည်အစိုးရ၏ ချင်းပြည်အတွင်း စီမံဆောင်ရွက်နေသည့် စီမံကိန်းများ၊ လုပ်ငန်းဖော်ဆောင်မှုများ၊ ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်းစဥ်များ၊ လူသားစာနာနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဥ်များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (NGOs) နှင့် ပူးပေါင်းလုပ်ဆောင်မှုများ စသည့် အကြောင်းအရာများအား ပြန်လည်ဝေမျှ၊ ဆွေးနွေးခဲ့ကြပါသည်။
ထိုနောက်တွင် ချင်းပြည်အစိုးရ (Chinland Government) နှင့် Burma Rights (BR) အဖွဲ့တို့ အကြား ရှေ့ဆက် ပူးပေါင်းလုပ်ဆောင်နိုင်မည့် အကြောင်းအရာများ၊ ကက္ဍရပ်များအား နှစ်ဖက်တက်ရောက် သူများအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
ယခုကဲ့သို့ ကနဦး ဆွေးနွေးတွေ့ဆုံခြင်းသည် အပြု သဘောဆောင်ပြီး လက်ခံတွေ့ဆုံ၊ ဆွေးနွေး ခွင့်ပြုသည့် ချင်းပြည်အစိုးရ (Chinland Government) မှ ဝန်ကြီးချုပ် ဆလိုင်းမျိုးထိုက်နှင့်အတူ သက်ရောက်လာကြသည့် ချင်းပြည်အစိုးရ၏ ဝန်ကြီးဌာနအသီးသီးမှ ဝန်ကြီးများ၊ ချင်းပြည် လွှတ်တော်မှ ဥက္ကဌ၊ ဒုက္ကဌ၊ ချင်းပြည်တရားလွှတ်တော်ချုပ်မှ တရားသူကြီးတို့အား Burma Rights (BR) အဖွဲ့ဖက်မှ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Chinland Government and Burma Rights Hold Online Meeting to Strengthen Partnership and Collaboration
15 September 2026
The Chinland Government (CG) and Burma Rights (BR) convened an online meeting on 15 September 2026 to enhance cooperation, strengthen coordination, and explore opportunities for deeper partnership.
The meeting was attended by senior representatives of the Chinland Government, including Prime Minister Salai Myo Htaik, Minister of Home Affairs Pu Ram Chum Mang, Minister of Planning and Finance Pu Maung Oo, Minister of Education Salai James Neih Thang, Minister of Health Dr. Sharon Par, Minister of Foreign Affairs Dr. Suikhar, Minister of Social Development Pu Za Thawng, Attorney General Dr. Tial Hnin, Speaker of Parliament Pu Hung Naing, Deputy Speaker of Parliament Pu Lal Min Thang, and Supreme Court Judge Mai Mirriam Cuum Pai. The meeting was also attended by the Head of Organization and Regional Representative of Burma Rights (BR).
As part of the program, Burma Rights presented an overview of its history, mission, organizational development, and key activities undertaken to date. The organization also shared its strategic priorities and future initiatives, fostering a constructive and open dialogue among meeting attendees.
Prime Minister Salai Myo Htaik then led a discussion on the Chinland Government’s ongoing efforts and priorities across the region. Ministers, parliamentary leaders, and judicial representatives provided updates on current government programs and initiatives, including local governance affairs, humanitarian assistance, recovery and rehabilitation efforts, public service delivery, and collaboration with non-governmental organizations (NGOs) and other development partners.
Both parties engaged in a candid and productive exchange of views on potential areas for future cooperation. Discussions focused on identifying practical opportunities to strengthen collaboration, improve coordination, and support shared objectives related to governance, humanitarian response, community development, and institutional capacity building in Chinland.
The meeting concluded with a shared commitment to maintaining open communication and exploring avenues for continued engagement. All attendees welcomed the discussion as a positive first step toward building a stronger working relationship between the Chinland Government and Burma Rights.
Burma Rights (BR) expressed its sincere appreciation to Prime Minister Salai Myo Htaik, the ministers from the Chinland Government, the Speaker and Deputy Speaker of the Chinland Parliament, and the judge of the Chinland Supreme Court for their willingness to engage in constructive dialogue and for their commitment to fostering collaborative partnerships.

